ချောင်းဆုံ စက်တင်ဘာ ၁၅
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၅၅နှစ်မှ ၆၄နှစ်အတွင်းရှိသူနှင့် ဦးစားပေး အုပ်စု အလိုက် သတ်မှတ်ချက်နှင့်အညီ တတိယအသုတ် ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ကို မြို့နယ်အတွင်းရှိ စုရပ်(၁၅)နေရာ၌ ဒုတိယရက်အဖြစ် ယနေ့နံနက်(၉)နာရီကစတင်၍ စုရပ်အလိုက်တာဝန်ရှိသူများက ဆေးထိုးနှံပေးကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း အသက်အရွယ်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေး လျက်ရှိပြီး ဆေးထိုးစုရပ်များမှာ ကျေးရွာများရှိအခြေခံအထက်တန်းကျောင်း များဖြစ်သည့် (ချောင်းဆုံ၊ ရွာလွတ်၊ကညှော်၊ သက္ကော၊ ကလွီ၊ မုဒွန်း၊ ကမာမို၊ခရိုက်ဒူး၊ ကရင်ဝင်းစိန်)တွင်လည်းကောင်း၊ (အ.မ.က)ကျောင်းများဖြစ်သည့် (မုရစ်ကလေး၊ကော့မုပွန်၊ဒရယ်မြောက်)ကျောင်းတို့တွင်လည်းကောင်း၊ (အ.လ.က)ကလော့ကျောင်း၊ ကွမ်သဲ ဆိုင်ကလုံးရှက်တာ၊ ကမာကေး ဘုန်းကြီးကျောင်းဓမ္မာရုံတို့တွင် ဆေးထိုးစုရပ်အဖြစ်ထားရှိပြီးစက်တင်ဘာ (၁၄)ရက်နေ့မှ ယနေ့အထိဆေးထိုးပြီးသူ (၂၂၅၀)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)