ကျိုက်မရော စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌တတိယအကြိမ် ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို စက်တင်ဘာ၁၄ရက်မှ စတင်ကာ သတ်မှတ်နေရာ ၈ခု၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်၅၅နှစ်နှင့် အထက် ကျန်းမာရေးမကောင်းသည့် နာတာရှည် ရောဂါ အသက်ကြီးအဘိုးအဘွားများနှင့် စက်ရုံအလုပ်ရုံဝန်ထမ်းများ၊စျေးသူစျေးသားများ၊ လူမှုရေးအသင်းအဖွဲများအားသက်ဆိုင်ရာဆေးထိုးစုရပ်အသီးသီးတွင် ဒုတိယမြောက်နေ့အဖြစ် ထိုးနှံ ပေးလျက်ရှိပြီးကိုဗစ်−၁၉ဆေးထိုးရန်ကျန်ရှိနေသည့်အသက်ကြီးအဘိုးအဘွားများအားလည်းဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့်အသက်၅၅နှင့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ စနစ်တကျဆောင်ရွက်ပြီးမှသာကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီး မိနစ်၃၀ကြာ အနားယူစေကာ စိတ်ချရသည့် အခြေအနေရောက်မှ သာပြန်ခွင့်ပြုကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ယမန်နေ့ကစ၍ ကာကွယ်ဆေး လာရောက်ထိုးနှံသူများပြားလျက်ရှိပြီး စက်တင်ဘာ ၁၄ရက် တစ်ရက်ထဲတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၁၄၂၂)ဦးရှိခဲ့ကြောင်း ကိုဗစ်− ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးပေါ်မတီထံမှသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)