ချောင်းဆုံ စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါး စိုက်တောင်သူကြီးများ အား ၂၀၂၁ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်က အဆိုပါဘဏ်ခွဲတွင် ကရင်ဝင်းစိန်ကျေးရွာ တောင်သူ(၈၃)ဦးအား (၂) ကြိမ်ခွဲ၍ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို စည်းကမ်းချက်လမ်းညွှန်ချက်နှင့်အညီ ထုတ်ပေးရာယနေ့တွင် တောင်သူ (၈၃)ဦး၊ လယ်ဧက(၅၄၃)ဧကအတွက် ထုတ်ချေးငွေ(၈၁၄သိန်း၅သောင်း)ကျပ်ရှိပြီး စက်တင်ဘာ လ(၁၅) ရက်နေ့ အထိ ကျေးရွာပေါင်း(၂၀)ရွာမှ တောင်သူဦးရေ(၁၅၆၇)ဦး၊ စိုက်ဧကပေါင်း (၁၀၅၇၉)ဧက စုစုပေါင်း ထုတ်ချေးငွေကျပ်(၁၅၈၆၈သိန်း၅သောင်း)ကျပ် ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးဇော်လေးထံမှ သိရသည်။
ချောင်းဆုံမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်းမိုးစပါးစိုက်ဧက (၆၅၃၇၆)စိုက်ပျိုးနိုင်ရန် လျာထားပြီး တောင်သူ လယ်သမားများအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကိုသိန်းပေါင်း (၆သောင်း၄ထောင်)ကျပ် ထုတ်ချေး ပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)