မကွေး ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၂ /၂၀၂၀)နှင့် ငွေဗိုက် application နှင့်ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က နန်းထိုက်သူဟိုတယ်၌ကျင်းပခဲ့ရာ မကွေးတိုင်း ဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီး၊ ဒေါက်တာခင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး မကွေးတိုင်း ဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဦးစီးဌာနမှူး၊ ဒေါ်နန္ဒာနွယ်ဟန်မှ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန် ဆောင် ထောက်ပံ့ကြေး လျှောက်ထားရမည့် ငွေဗိုက် application နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါ်ဝင်းဝင်းစိန်မှ မကွေးတိုင်း ဒေသကြီးအတွင်း ဆောင်ရွက် နေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများအား တင်ပြ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသောကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ မိမိတို့ ဆောင်ရွက်နေသော ကလေး သူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးကြခြင်းနှင့် ပေါင်းစပ် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဒေါက်တာခင်မောင်အေးမှ နိဂုံးချုပ်အမှာ စကားပြောကြား ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဒေါက်တာခင်မောင်အေး ၊ မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘကြီးအောင်(ပြန်/ဆက်)