အင်းစိန်မြို့နယ်၌ ဘိုကုန်းဈေး ဈေးရုံသစ် အပိုင်း(၂)နှင့် (၃) တည်ဆောက်နေမှုပြီးစီးသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင် ပြေချောမွေ့စေရန် ရည်ရွယ်၍ ဘိုကုန်းဈေး ဈေးရုံသစ် အပိုင်း(၂)နှင့်(၃)တည်ဆောက်နေမှု ပြီးစီးသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူ များသည် ဈေးများဌာန ခရိုင် ဦးစီးအရာရှိ ဌာနစုမှူ ဒေါ်ယဉ်ယဉ်စန်းနှင့်အတူ ရွာမ အရှေ့ရပ်ကွက်၊ မင်းကြီး လမ်းပေါ်ရှိ ဘိုကုန်းဈေးသို့ သွားရောက်၍ ဘိုကုန်းဈေး ဈေးရုံ သစ် အပိုင်း(၂)နှင့်(၃) တည်ဆောက်နေမှု ပြီးစီးသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)