ပေါင်မြို့နယ် ကိုဗစ်ကုသရေးစင်တာများနှင့် အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေများ လှူဒါန်းလျက်ရှိ

ပေါင်    စက်တင်ဘာ ၁၅

 

သထုံခရိုင်၊ ပေါင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများနှင့် အောက်ဆီဂျင်စက်ရုံတွင်အသုံးပြု နိုင်ရန်အတွက် စေတနာရှင် ပြည်သူများမှ ယနေ့ နံနက်ပိုင်းက အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ဥက္ကံကျေးရွာ၊ အရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇနိယက ပေါင်မြို့နယ် Isolation Ward များမှ ပိုးတွေ့လူနာများ ဆေးဝါးများ ဝယ်ယူရန်အတွက် ငွေကျပ် တစ်သိန်း၊ အစားအသောက် ဝယ်ယူရန်အတွက် အလှူငွေ တစ်သိန်းကျပ်၊ ဇင်းကျိုက်မြို့နေ ဦးဗညား+ဒေါ်မြင့်အေး မိသားစုက အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေ တစ်သိန်းကျပ်တို့အား သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

 မြို့နယ်(ပြန်/ဆက်)