ရွှေသောင်ယံ စက်တင်ဘာ ၁၅
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အဏ္ဏဝါသိပ္ပံကျောင်း ကိုဗစ်-၁၉စင်တာတွင် တက်ရောက်ကုသမှုခံယူနေသူ အတည်ပြုလူနာ (၂၂) ဦးအနက်မှ (၁၅)ဦးမှာ စင်တာတွင်သတ် မှတ်နေထိုင်ရက် (၁၀) ရက်ပြည့်ပြီးသည့်အပြင် ကျန်းမာရေးကောင်းမွန်ကြသည့်အတွက် ယနေ့ နံနက် (၁၀) နာရီက မိမိတို့အိမ်သို့ ပြန်လည်နေထိုင်ခွင့်ရခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၁၅) ဦးမှာ ကိုဗစ်-၁၉စင်တာမှ ပြန်လည်ဆင်းခွင့်ရသော်လည်း မိမိတို့အိမ်တွင် (၇) ရက် ဆက်လက်နေထိုင်ရန်၊ အနေအထိုင်အစား အသောက်မှအစ ကျန်းမာရေးနှင့် ညီညွတ်စွာနေ ထိုင်စားသောက်ကြရန် ၎င်း တို့အားစောင့်ရှောက်ပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများမှ မှာကြားခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ကုသရေးစင်တာသို့ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်နှင့်အတူ ရွှေသောင်ယံနယ်မြေတပ်စခန်းမှ ဗိုလ်ကြီးအာကာဟိန်း၊ ရွှေသောင်ယံနယ်မြေရဲ စခန်းမှစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သွားရောက်ကြည့် ရှုကာ လိုအပ်သည်များကို မှာကြားပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)