တောင်တွင်းကြီး စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် တွင်ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ပူးပေါင်း အဖွဲ့ကရွေ့လျားယာဉ်ဖြင့်အခမဲ့ ကိုဗစ်- ၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကတောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှ ဒေသခံကျေး လက်နေ ပြည်သူများ ကိုဗစ်- ၁၉ရောဂါကင်းဝေးစေရေး RDT (Test Kits) ဖြင့် ရောဂါရှာဖွေစစ် ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရွေ့လျားစစ်ဆေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးရာသို့ ကျေးရွာများရှိအနံ့မရှိသူနှင့် ဖျားနာနေသူ (၁၇၁)ဦး လာရောက်စစ်ဆေးမှုခံယူခဲ့ရာ ကျန်းမာရေး ဝန်ထမ်းများပူး ပေါင်းစစ်ဆေးရေးအဖွဲ့က ရောဂါပိုးရှိ /မရှိ RDT (Test Kits) ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ (၁၈)ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၁၅၃)ဦးမှာရောဂါပိုးမတွေ့ရှိရကြောင်းသိရပြီး ပိုးတွေ့လူနာ (၁၈)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသမူခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ကျေးရွာနေပြည်သူများ အားရွေ့လျားယာဉ်ဖြင့်ရောဂါ ရှာဖွေစစ်ဆေးဆောင်ရွက်ပေးနေမှုအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်အားထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအ တွက် ရွေ့လျား စစ်ဆေးရေးယာဉ်ဖြင့်ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့် ကျေးရွာများကိုလည်း ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးလိုသော ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍လာရောက် စစ်ဆေးမှုခံယူနိုင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)