ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း (၃၂) ကျောင်းသို့ ဆန် နှင့်စားသောက်ကုန်များ လှူဒါန်း

 

ချောင်းသာ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲစသည့် စားသောက်ကုန်များလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ()နာရီခွဲ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ လက်ဝယ်အရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စားသောက်ကုန်များ လိုက်လံလှူဒါန်းရာတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအတွက် ဆန်()အိတ်၊ ဆီ()ပိဿာ၊ ကုလားပဲ ()ပြည်၊ ဆား() ပိဿာတို့ကို ချောင်းသာမြို့အတွင်းရှိ ကျောင်းတိုက်ပေါင်း (၃၂) ကျောင်းသို့ စုစုပေါင်း ဆန်(၃၂)အိတ်၊ ဆီ(၃၂)ပိဿာပဲ(၃၂)ပြည်၊ ဆား(၆၄) ပိဿာတို့ကို သွားရောက်လှူဒါန်းခဲ့ကြသည်။

ထိုသို့ သွားရောက်လှူဒါန်းရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် ထွေ/အုပ်ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်မြင့်မြတ်၊ မြို့ပြန်/ဆက် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့လဝကဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှူတွင် လိုအပ်လျက်ရှိသော စားသောက်ကုန်များကို ချောင်းသာမြို့ရှိ မိဘပြည်သူများ ကလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ဦးကျော်စိုးဝင်း

ချောင်းသာ(ပြန်/ဆက်)