မော်လမြိုင်တက္ကသိုလ်(CBFQ)စခန်းမှ ၂၁ ရက်ပြည့်ပြီးသူများနှင့် ပထမအကြိမ် Negative ထွက်ရှိသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်စေလွှတ်

မော်လမြိုင်  ဩဂုတ် ၁၄

မော်လမြိုင်တက္ကသိုလ် (၁၀)မြို့နယ်အဆောင် Community Based Facility Quarantine (CBFQ) တွင်  နေရပ်ပြန် ပြည်သူများကို သီးသန့်နေထိုင်သွားလာ ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့နံက်ပိုင်းတွင် ၂၁ ရက်ပြည့်ပြီးသူများနှင့် ပထမအကြိမ် Negative ထွက်ရှိသည့် နေရပ်ပြန်ပြည်သူများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ်များသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မော်လမြိုင်တက္ကသိုလ် (၁၀)မြို့နယ်အဆောင် (CBFQ)စခန်းမှ   နေရပ်ပြန်ပြည်သူ (၁၆၂)ဦးကို ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/ မရှိ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့ကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာ ရောဂါပိုးမရှိ(Negative)ဖြစ်သည့် အတွက် သက်ဆိုင်ရာ မြို့နယ်များတွင် Quarantine ဝင်နိုင်ရန်  ပြန်လည်စေလွှတ်ခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် ရောဂါပိုးမရှိ (Negative) ဖြစ် သည့် ၂၁ ရက်ပြည့်ပြီး သူ ၄၅ ဦးကိုလည်း သက်ဆိုင်ရာရပ်ကွက်နှင့် မြို့နယ် များသို့  ပြန်လည်စေလွှတ်ခဲ့ကြောင်း မော်လမြိုင် တက္ကသိုလ်(၁၀) မြို့နယ်ဆောင် (CBFQ) ကွပ်ကဲရေးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)