ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ရပ်ကွက်/ကျေးရွာများ အတွင်းလိုက်လံအသိပေးနှိုးဆော်

 

ပန်းတနော်  စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်နှင့်ဝန်ထမ်းများ၊ လူမှုကူညီရေး အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။

ပန်းတနော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းပပျောက်စေရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်း ချက်များနှင့်အညီ နေထိုင်သွားလာနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်း လိုက်လံအသိပေး နှိုးဆော်လျက်ရှိရာ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောရန်၊ မိမိအိမ်သို့ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေ အရေးကြီးကိစ္စရှိ၍ အိမ်ပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ်သည့်ဆိုင်များတွင် စျေးမ၀ယ်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ်သူများနှင် တွေ့ဆုံပါက စကားပြောခြင်းမ ပြုလုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း Mask နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ကြရန်၊ အသုံးပြုပြီးသော Mask များအား ထပ်မံအသုံးမပြုကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှင့်နှာခေါင်း၊ အမျက်နှာတို့ကို ပွတ်သပ်ခြင်းနှင့် ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ အ၀တ်စားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးဘဲ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ လေ၀င်လေထွက် မကောင်းသောအခန်းများ၊ ပြူတင်းတံခါးများဖွင့်ပြီး လေ၀င်လေထွက်ရရှိအောင် ဆောင်ရွက်ထားကြရန်၊ မိမိတို့ပတ်၀န်း ကျင်၌ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်သတင်းပေးပို့ကြရန်၊ မိမိတို့၌ ပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက် ဆေးစစ်ကုသမှုခံယူရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင် ပေးကြပါရန် Hand Speaker ဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးတိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)