မော်လမြိုင်ကျွန်း ဩဂုတ် ၁၄
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုတင်၁၀ဝဆေးရုံ၌ ဇူလိုင်လ (၁၄) ရက်တွင် မွေးဖွားခဲ့သော သုံးမွှာပူး ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ရုံးခန်းမတွင် ယမန်နေ့ နေလယ်က ကျင်းပသည်။
အဆိုပါ ကလေးငယ်များကို ဂွေးကုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာနေ ဦးအောင်သန်းဦး+ ဒေါ်ဝင်းဌေးတို့မှ မွေးဖွားခဲ့ပြီး ကလေးငယ်များအတွက် အထွေထွေအသုံးပြုရန် ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ရတနာမော်တို့က မိဘများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကူညီထောက်ပံ့ငွေမှာ ငါးသိန်းကျပ် ဖြစ်ကြောင်း ဒေါ်ရတနာမော်ထံမှ သိရသည်။
သီတာအောင်(ပြန်ဆက်)