ညောင်တုန်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အတွင်းရှိ စာသင်ကျောင်းတိုက်များ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်ညိုကျောင်းတိုက်ရှိ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာ တော်ကြီးအပါအဝင် သံဃာတော် (၂၀)ပါးနှင့် နိဂြောဓါရုံကျောင်းတိုက်မှ သံဃာတော် (၁၀)ပါး စုစုပေါင်းသံဃာတော်(၃၀) ပါးအား ဓါတ်ခွဲနမူနာရယူ၍ RDT (Test Kit) ဖြင့် စစ်ဆေးပေးခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်သာ သနာရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များအား ဆက်လက်စစ်ဆေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)