နန်းယွန်း သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့််ရဒေသ၊ နန်းယွန်းမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့် အညီ ပြင်ဆင်ဆောင်ရွက် ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များတွင် ရှောင်တခင်ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များတို့ ပူးပေါင်းအဖွဲ့က နန်းယွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီပြင်ဆင်၊ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆိုင်ပိုင်ရှင်များ ကျယ်ကျယ်ပြန့့်ပြန့် သိရှိလိုက်နာဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျိုင်းဆက်ထံမှ သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)