မြောင်းမြ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၂) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ဌာနဆိုင်ရာများအနေဖြင့် အစည်းအဝေးတွင် ဆွေးနွေး သည့်အတိုင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အိမ်စောင့်အစိုးရ၏လမ်းညွှန်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ (၆၅)နှစ် အထက်အဖိုး၊ အဖွားများဆေးထိုးရန်စုရပ်သို့မလာရောက်နိုင်ပါက အိမ်တိုင်ရာရောက် သွားရောက်ထိုးနှံပေးစေလိုကြောင်း၊ စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး၊ သောက်သုံးရေရရှိရေး၊ သင်ထောက်ကူပစ္စည်းများ ကောင်းမွန်စေရေး ကြိုတင်ပြင် ဆင်ထားရှိရန်လိုအပ်ကြောင်း၊ အထူးသဖြင့်ဌာနများ အနေဖြင့် လုံခြုံရေး၊ကျန်းမာရေးဂရုပြု ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
၄င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုဗိုလ်မှူးကြီးမောင်မောင်ငြိမ်းနှင့် အတွင်းရေးမှူး ခရိုင်ရဲမှူးကြီးမောင်မောင်ဝင်းတို့က ဌာနများအနေဖြင့် လုံခြုံရေးဂရုပြုသွားလာကြရန်နှင့် တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး Dr စိုးသက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှင့် Test Kit ဖြင့်စစ်ဆေးတွေ့ရှိမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က သက်ကြီးဘိုးဘွားများနှင့် နှစ်နှစ်အောက်ကလေးများ ထောက်ပံ့ ပေးအပ်မှု အခြေအနေနှင့် မြောင်းမြမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့က လိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
စန္ဒာကြည်(ပြန်/ဆက်)