ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား(၂၁၅၆) ကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်း (၅၅၅) စုဆောင်ရွက် နိုင်ခဲ့ပြီဖြစ်

ဒေးဒရဲ  စက်တင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတိုင်းရင်းသား များနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင် ရေးရည်ရွယ်၍  နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား  ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများ ၊ လက်ရှိဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ရာ ပန်းခင်းစီံမ့ချက်ဖြင့် မေလ ၃ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်ထိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု များသို့ ကွင်းဆင်း၍ နိုင်ငံသားစီစစ်ရေးကတ် (၂၁၅၆)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၅၅၅) စုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသော ကျေးရွာအုပ်စုများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း/ပြန်ဆက်