ရသေ့တောင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းနှင့် ပေးအပ်ပွဲပြုလုပ်

ရသေ့တောင်    စက်တင်ဘာ     ၁၄

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းနှင့် ပေးအပ်ပွဲပြုလုပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းက အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ သည်။

 

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများက တောင်ရင်းတန်းရပ်ကွက်အတွင်း နေထိုင်ကြသည့် အသက်(၁၆)နှစ်ပြည့်ပြီးနိုင်ငံသား စိစစ်ရေးကဒ်မပြုလုပ်ရသေးသည့် ဒေသခံပြည်သူ(၄၅)ဦးတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေ့ချင်းပြီးပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့က နိုင်ငံသားစိစစ်ရေးကဒ်ပြားများအား ဒေသခံပြည်သူများထံသို့ ပေးအပ်ခဲ့ကြသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်း စီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးခြင်းကို မေ ၃ ရက်နေ့မှစ၍  ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၄ နေ့ထိ အိမ်ထောင်စု လူဦးရေစာရင်း(၃၂၈)ခုနှင့် နိုင်ငံသား စိစစ်ရေးကဒ်ပြား(၇၅၁)ခုတို့ကို ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

 

အောင်စံထွန်း(ပြန်/ဆက်)