ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာများရှိ ပြည်သူများ အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ  အခမဲ့ စစ်ဆေးဆောင်ရွက်

 

မောင်‌တော စက်တင်ဘာ  ၁၄

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ဇင်ပိုင်ညာ ကျေးရွာ နှင့် ကျောက်လှေကား ကျေးရွာရှိ ပြည်သူများအား စက်တင်ဘာ ၁၄  ရက်နေ့ နံနက် ၉ နာရီ အချိန်က  အဆိုပါ ကျေးရွာ များရှိ သတ်မှတ်စုရပ် နေရာများတွင်  ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် အခမဲ့ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဇင်ပိုင်ညာ ကျေးရွာရှိ ပြည်သူများထဲမှ မိမိသဘော ဆန္ဒအရလာရောက် စစ်ဆေးခံသူ(၃၉)ဦး နှင့် ကျောက်လှေကား ကျေးရွာရှိ ပြည်သူများ အထဲမှ မိမိသဘော ဆန္ဒအရ လာ ရောက် စစ်ဆေးသူ (၄၀)ဦး စုစုပေါင်း (၇၉) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာမှ သိရသည်။  

 

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်  ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)