မကွေး စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနေ့စဉ်လုပ်ငန်းညှိနှိုင်းအမှတ်စဉ်(၂၉/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင် တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများအား ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်မှု များအား ပိုမိုထိရောက်စွာဆောင်ရွက်ရေး၊ တိုင်းဒေသကြီးအတွင်းကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း များသော မြို့နယ်များရှိ ကျေးရွာများအလိုက် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ရွေ့လျား မိုဘိုင်းယာဉ် များဖြင့် RDT Test Kit စစ်ဆေးခြင်းကို ပိုမိုဆောင်ရွက်သွားရေးတို့ကို အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ယင်းနောက် သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ နှင့်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါကူးစက်မှုလျော့ချရေးလုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်ကြရန်နှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက် များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)