တောင်ငူမြို့နယ်အတွင်းရှိ ဆေးဝါးနှင့် ဆေးဝါးပစ္စည်း ရောင်းချဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (အတု) တင်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တောင်ငူ စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ဆေးဝါးနှင့် ဆေးဝါးပစ္စည်းရောင်းချဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တင်သွင်း​ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကုန်သည်ကြီးလမ်းနှင့် စျေးလမ်းရှိ ဆေးဝါးရောင်းချဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာ၌ တောင်ငူခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ဆေးဝါးနှင့်ဆေးဝါးပစ္စည်း ရောင်းချဆိုင်များ၏ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စျေးကွက်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (အတု) ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးသည်။

ဆက်လက်၍ အဆိုပါ ပူး​ပေါင်းအဖွဲ့နှင့် ဆေးဝါးနှင့်ဆေးဝါး ပစ္စည်းစျေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ရောဂါကာကွယ်ကုသရေး ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ဆေးဝါးနှင့် ဆေးပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက်  ဈေးကွက်အတွင်း ရောဂါကာကွယ်ရေး အထောက်အပြုပစ္စည်းများ ဆေးဝါးနှင့် ဆေးပစ္စည်းများ သတ်မှတ်အရည်အသွေး နှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးနှင့် ဆေးဝါးသို​လှောင် အမြတ်တင်ရောင်းချမှု မရှိစေရေးနှင့် ဆေးဆိုင်များ အားလုံးနေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မဖြစ်ပေါ်စေရေး ဈေးကွက်အတွင်းဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရေး ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းခြင်းများ မပြုလုပ်စေရေး တရားမဝင်ကုန်ပစ္စည်းများနှင့် အတုအပနှင့် အရည်အသွေးနိမ့် ပစ္စည်းများရောင်းချခြင်း မရှိစေရေးအတွက် အထူးကြပ်မတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ဆေးဝါးဝယ်ယူ သယ်ဆောင်ရန် အခက်အခဲများရှိပါက ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့ထံသို့ တင်ပြဆွေးနွေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။