ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေနှင့်အဖွဲ့ အမာမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေး

အမာ   သြဂုတ်   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် အမာမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော် နှင့်အဖွဲ့သည် အမာမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးစောကနေဒီ နှင့်တွေ့ဆုံ၍ ကရင်တိုင်းရင်းသားစာပေနှင့် ပတ်သက်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ပြီးနောက် အမာမြို့ အမှတ်(၃)ရပ်ကွက်ရှိ ထူးဧကရီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အမာမြို့ မီးသတ်ဦးစီးဌာန သန္ဓေမီးသတ်စခန်း RC(၂)ထပ်အဆောက်အဦ ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ အမာမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောက်ရွက်ပြီးစီးခဲ့သော အမာမြို့ပေါ်ရပ်ကွက် အသီးသီးရှိ (၄၀၀)ဗို့ ဓာတ်အားလိုင်း (၄၈၀၀)ပေအား ABC 95mm 2 3 phase 4Wire ဖြင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းနှင့် အမာမြို့ပေါ်ရပ်ကွက် (၄)ခုတွင် (၄၀၀)ဗို့ဓာတ်အားလိုင်း 3 phase 4Wire ABC 95 mm2 ဖြင့်(၀.၉)မိုင် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းနှင့် အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုအား လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်လေး(အမာ)