ဓနုဖြူ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဓနုဖြူမြို့နယ် ၊ ပြည်သူ့ဆေး ရုံတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဓနုဖြူမြို့နယ်အတွင်းရှိ အသက်၆၅ နှစ်နှင့်အထက် အဘိုးအဘွားများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း (၅၈၆)ဦးကို ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်မှဦးဆောင်၍ ကျန်းမာ ရေးဝန်ထမ်း များကစနစ်တကျထိုးနှံပေးခြင်း၊ မိနစ်(၃၀)အနားယူစေပြီး စိတ်ချရသည့် အခြေအနေရောက်မှ ပြန်ခွင့်ပြုထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)