အိမ်မဲမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

 

အိမ်မဲ   စက်တင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းများကို ယနေ့တွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးရာ၌ မော်တော်ဆိုင်ကယ်များ၊ မော်တော် ကားများ၌တရားမဝင်သယ် ဆောင်လာသော ဖောက်ခွဲရေးနှင့် လက်နက်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ/မရှိ၊ ကိုဗစ်-၁၉ စည်းကမ်းချက်များကို လိုက်နာမှုရှိ/မရှိနှင့် ကျေးရွာများနှင့် အခြားမြို့နယ်မှ လာသောခရီးသွား ပြည်သူများ ခရီးသွားထောက် ခံစာပါရှိမှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)