သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စု လျှင်ငွေ-၂၀၀၀၀နှုန်းထောက်ပံ့ပေးအပ်

အောင်လံ ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်မှုကို ယနေ့ နံနက်(၁၁) နာရီက စတင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာ များအထိ သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ပေးအပ်မှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (COVID-19)ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ ထောက်ပံ့ပေးအပ်မှုကို အောင်လံမြို့နယ်အတွင်း ကိုဗစ်-၁၉ကာလ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အခြေခံ စားသောက်ကုန် ပစ္စည်း(၅)မျိုး ဖြန့်ဝေခဲ့သည့် အိမ်ထောင်စု (၂၇၃၅၀)စု၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင် စု(၆၁၁)၊ စုစုပေါင်း(၂၇၉၆၁)အိမ်ထောင်စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းထောက်ပံ့ပေးအပ်မှုတွင် အောင်လံမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀၀)မှ အိမ်ထောင်စု(၂၇၉၆၁)စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၅၉၂၂၀၀၀၀) အား မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 မျိုးသိန်း(ပြန်/ဆက်)