ပေါင် စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူ များအား ကာကွယ်ဆေးပထမအကြိမ်ကို ယနေ့ နံနက် ၉ နာရီက ဆေးထိုးစုရပ် (၁၀) နေရာ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ဆေးထိုးစုရပ် (၁၀)နေရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ဆရာတော်သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့် အထက် အဘိုး/အဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူ များအား ဆေးထိုးစုရပ်တစ်နေရာလျှင် နေ့စဉ် (၃၅၀)ဦးဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဆေးထိုးစုရပ် (၁၀)နေရာ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးပြီး ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
ဝဏ္ဏမောင်