မြို့သစ် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်း၍ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေး(TalkShow)ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနရုံး ( Community Center) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့သစ်မြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းအိဇွန် က ပန်းခင်း စီမံချက် (Talk Show) ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြား ၍ မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးက အသက် (၁၆)နှစ်အထက် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်း အသိပညာပေး အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
သန်းဝင်းထွန်း (မြို့သစ်)