ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် လူမှုရေး အသင်းအဖွဲ့များအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့

ဖြူး စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ထောက်ပံ့ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများမှ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် ဖြူးမြို့နယ်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ (၁၁)ဖွဲ့၊  ဆင်ဖြူတော်လူမှုကူညီရေး အဖွဲ့(၅)ဖွဲ့၊ စေတနာမွန်လူမှုကူညီရေးအဖွဲ့ (၁၀)ဖွဲ့၊ We Love Phyu လူမှု ကူညီရေးအဖွဲ့(၇)ဖွဲ့၊ မြို့မလူမှုကူညီရေးအဖွဲ့(၅)ဖွဲ့၊ ဖြူးအရှေ့လူမှုကူညီရေးအဖွဲ့(၅)၊ ဇေယျဝတီလူမှုကူညီရေး အဖွဲ့(၅)ဖွဲ့ စုစုပေါင်း(၄၈)ဖွဲ့တို့အား တစ်ဖွဲ့လျှင် Surgical Mask (၁၅၀)ဘူး၊ KN(95) (၅၀)ဘူး၊ PPE Level(1)(၁၀)ဘူး၊ PPE Level(2) (၁၀)ဘူး၊ ခေါင်းစွပ်(၅၀)ဘူး၊ လက်အိပ်(၅၀)ဘူး၊ မျက်မှန်(၅)ဘူး၊ ဖိနပ်(၂)ဘူး၊ Hand Santizer(၂)ဘူးတို့ကို ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ရာ တက်ရောက်လာ ကြသော လူမှုကူညီရေးအဖွဲ့ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)