ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၃၀၀) အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

အမ်း စက်တင်ဘာ ၁၄

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ကျန်းမာရေးမှူးတို့ပါဝင်သော အဖွဲ့သည် အမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်ကရောက်ရှိ၍ အောက်ဆီဂျင်အိုး၊ ငွေကျပ်သိန်း(၂၀)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အမ်းမြို့နယ် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးအတွက်ငွေကျပ်သိန်း(၁၀၀)ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချူပ် ဒေါက်တာ အောင်ကျော်မင်းက အဖွင့်မှာစကားပြောကြားပြီးနောက် အမ်းမြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေကျပ်သိန်း(၂၀)၊ အောက်စီဂျင်အိုး၊ ကိုဗစ်-၁၉ ရောဂါ      ကာကွယ်ရေး ပစ္စည်း(Mask)နှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ရာ ဆရာဝန်ကြီး ဒေါက်တာ အောင်ကျော်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်တို့က လက်ခံရယူပြီး၊ အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အလှူငွေကျပ်သိန်း (၁၀၀)ထောက်ပံ့ ပေးအပ်ခဲ့ရာ မြို့နယ်အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသစ်လွင်မှ လက်ခံ ရယူခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျန်းမာ‌ရေးဝန်ထမ်းများ၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အောက်ဆီဂျင် စက်ရုံ တည်ဆောက်မှုအခြေအနေအား သွားရောက်ကြည့်ရှု၍ လိုအပ်ချက်များ အားမှာကြားခဲ့သည်။

 

ဆက်လက်၍ အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၃၀၀)သို့ သွားရောက်၍ တာဝန်ရှိသူများ၊ တပ်မတော်ဆေးရုံ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးရုံရှိလူနာများအား အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရှိရသည်။

 

စိုးမင်းထွန်း