ဖား​ဆောင်းမြို့နယ်၊ ​မြောက်ပိုင်းရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဖာ​ဆောင်း စက်တင်ဘာ ၁၃

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်​​မောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။          

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်​မောင်က အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စုစာရင်းမရှိသူ များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်လုပ်အကိုင် ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထိုနောက်အသက်(၁၀)နှစ်မှ အသက်(၁၈)နှစ်ပြည့် လဲလှယ်(၂)ဦး၊ နိုင်၆(က)(၁)ဦး၊ အိမ်​ထောင်စု ခွဲထွက်ခြင်း(၁၀)စု၊ အိမ်​ထောင်စုမိတ္တူ(၂)စုနှင့် အိမ်​ထောင်စုအဝင်(၅)စုတို့ကို ​ဆောင်ရွက်​ပေးခဲ့​ကြောင်းနှင့် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့’’ ပန်းခင်းစီမံချက်လှုံ့ဆော်​ရေး ​မြေစိုက်ပိုစတာများကိုလည်း လူစည်းကားရာနေရာများတွင် စက်တင်ဘာလ (၁၁)ရက်​နေ့က စိုက်ထူထားရှိခြင်းများ ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)