လွိုင်ကော် စက်တင်ဘာ ၁၃
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay At Home) အစီအစဉ်တွင် ဩဂုတ် ၂၅ ရက်နေ့မှစ၍ အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားပြီဖြစ်သဖြင့် မြို့နယ်တွင်းနေထိုင်သူ ပြည်သူများ စည်းကမ်းတကျ နေထိုင်သွားရန် ခရိုင်အဆင့် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် (Stay At Home) အစီအစဉ်တွင် အကျုံးဝင်သည့် ဖွင့်လှစ်ရမည့် ခရိုင်များမှအပ အခြားဆိုင်များ ဖွင့်လှစ်နေပါက အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ၊ ပြည်သူလူထုများ လိုက်နာမှု ရှိ/မရှိအား ရှောင်တခင် (Spot Check) စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။
ယနေ့ ကွင်းဆင်းဆောင်ရွက်ရာတွင် လွိုင်ကော်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ၊ ခရိုင်လမ်းဦးစီးဌာန ၊ ခရိုင်သစ်ထုတ်လုပ်ရေး ဦးစီးဌာနနှင့် ခရိုင်ရေအရင်းအမြစ်ဦးစီးဌာနများမှ ဆောင်ရွက်ခဲ့ကြပြီး ခရိုင်ကြီးကြပ်စစ်ဆေးရေး အဖွဲ့များမှ နေ့စဉ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)