မာန်အောင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(Mask) များအခမဲ့ ဖြန့်ဝေ

 

 မာန်အောင်   စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအသိ ပညာပေးနှိုးဆော်ခြင်းနှင့်  နှာခေါင်းစည်း (Mask) များအခမဲ့ဖြန့်ဝေခြင်းများကို မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ မွန်းလွဲပိုင်း တွင် လူစည်းကားရာနေများနှင့် လမ်းသွားလမ်းလာသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ လူအများစည်းကားနေရာ စျေးအနီးနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း(Mask) များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုလျော့ချနိုင်ရေးအတွက် မိမိနေအိမ်၌ သာနေထိုင်ကြရန်၊ မဖြစ်မနေအိမ်ပြင် ထွက်ရပါက နှာခေါင်စည်း (Mask) တပ်ဆင်သွားလာရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာတွင် သာနေထိုင်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီဆက်သွယ် ၍ကျန်းမာရေးစစ်ဆေးမှုခံယူကာ ဆေးကုသကြရန်နှင့်ရောဂါကာကွယ် ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြပါရန် အသိပေးနှိုး ဆော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)