ပေါင်းတည်မြို့နယ်တွင် ပိုးတွေ့လူနာသစ် (၅) ဦးရှိပြီး အတည်ပြုလူနာ (၂) ဦး သေဆုံး

ပေါင်းတည် စက်တင်ဘာ ၁၂

ပေါင်းတည်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းအထိ FQCများတွင် ထားရှိသောသူများ၊ နှာခေါင်းအနံ မရသူများ၊ နေမကောင်းသူများ၊ ပြင်ပမှ သေဆုံး၍ စစ်ဆေးသူများအား COVID-19 Antigen (RTD) Test ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာသစ်  (၅)ဦး တွေ့ရှိခဲ့ပြီး အတည်ပြုလူနာ (၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် သက်ဆိုင်ရာ Facility Quarantine Centre တို့တွင် ထားရှိပြီး ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ /မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၆၄၃)ဦး၊ကုသမှုခံယူနေသူ(၁၁၉)ဦး၊ ဆေးရုံဆင်းသူ(၁၃၆၁)ဦးနှင့် သေဆုံးသူ(၁၆၃)ဦး ရှိပြီဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှသိရသည်၊၊

ချစ်နှင်းသုန်