မင်းပြားမြို့၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆွမ်းခက်ခဲနေသည့် သီလရှင်များအား အလှူငွေများလှူဒါန်း

 

မင်းပြား စက်တင်ဘာ ၁၂

 

ရခိုင်ပြည်နယ်‌၊ မြောက်ဦးခရိုင် ၊ မင်းပြားမြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် သွားလာရေးခက်ခဲမှုဖြင့် သီလဆောက်တည် နေကြသည့် သီလရှင်များ ဆွမ်း ဝေယျာဝိစ္စအဆင်ပြေစေရန်အတွက် မင်းပြားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် ၇ နာရီအချိန်က ရိပ်သာသီလရှင် ကျောင်းတိုက်၌ ဆက်လက်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

ထိုသို့အလှူငွေများလှူဒါန်းရာတွင် မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးမျိုးစိုးမိုး၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ဝါတွင်းကာလအတွင်း မင်းပြားမြို့နယ်ရှိ  ရိပ်သာသီလရှင်ကျောင်းတိုက်၌ ဝါဆိုတော် မူနေကြသည့် သာသနအနွယ်ဝင် သီလရှင် (၁၉)ပါးအား ဆွမ်းနှင့် ဝေယျာဝိစ္စ အဆင်ပြေ စေရန် မင်းပြားမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး ပေါင်းပြီး ဝါဆိုသီလဆောက်တည်ရန် သီလရှင်များအား သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

 

သိန်းနုအောင်