နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) RCC (၃)ထပ်အ ဆောက်အဦတည်ဆောက်မှု (၇၂) ရာခိုင် နှုန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး

 

နတ်မောက်  စက်တင်ဘာ   ၁၂ 

မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊  နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community  Centre ) RCC (၃) ထပ်အဆောက် အဦဆောက်လုပ်နေမှုကို ယနေ့ နံနက်(၉) နာရီ အချိန်ခန့် က တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိနှင့်မြို့ နယ်အရည်အသွေး စစ်ဆေးရေးကော်မတီတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

လူထုအခြေပြုဗဟိုဌာန (  Community Centre  )RCC (၃)ထပ်အဆောက်အဦး( ၆၀×၇၀) ပေ တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြု ငွေ(၄၁၄.၀၁၀) ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သော Moon &   Space  ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်၍ ယနေ့အထိ (၇၂) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူထုအခြေပြုဗဟိုဌာန( Community Centre ) RCC (၃)ထပ်အဆောက်အဦကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလ အတွင်း ပြီးစီးရေးကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး အဆောက်အဦ  ဆောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူများ အသုံးပြုနိုင်ရန် စီစဉ်ထားသည့် ပြခန်း၊ ကွန်ပျူတာသင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ဘက်စုံသုံးခန်းမနှင့် အစည်းအဝေးခန်းမတို့ကိုဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ဦးစီးမှူးထံမှ သိရသည်။

လှဝင်း