ပြင်စလူ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ မိုးရာသီကာလတွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းဘေးဝဲယာရှိ လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်သည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က ပြင်စလူမြို့၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့လျှပ်စစ် ဦးစီးမှူး ဦးအောင်မိုးဇော် နှင့် ဝန်ထမ်းများက ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြင်စလူမြို့ ရပ်ကွက်များအတွင်းရှိ လျှပ်စစ်ဓာတ်ကြိုးများနှင့် သစ်ပင်သစ်ကိုင်းများလွတ်ကင်းမှု မရှိပါက ဓာတ်အားပေးသည့် အချိန်တွင် လမ်းသွားလမ်းလာ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ လျှပ်စစ်အန္တရယ် ဖြစ်ပေါ်နိုင်သည့်အတွက် ယခုလို လစဥ် ဆောင်ရွက် ပေးနေကြောင်းလည်း သိရသည်။
၎င်းအပြင် မိုးရာသီကာလ၌ လမ်းဘေးဝဲယာရှိ လျှပ်စစ် မီးသီးများအတွင်း မိုးရေဝင်ရောက်ခြင်းများကြောင့် မီးလုံးများ ပြုပြင်တပ်ဆင်ပေးခြင်းများ၊ ဓာတ်အားကြိုးများ စစ်ဆေးပေးခြင်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပြင်စလူမြို့သည် ရေလမ်းခရီးကိုသာ အားထားနေရသည့် ဒေသဖြစ်ခြင်း ကြောင့် မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အားကို နေ့စဉ်(၁၈:၃၀)နာရီမှ (၂၁:၃၀)နာရီ အထိ (၃)နာရီကြာ ရပ်ကွက်များအတွင်း ဓာတ်အား ဖြန့်ဖြူးပေးကြောင်း သိရသည်။
ဇော်ဝင်းထွန်း(ပြန်/ဆက်)