ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများကို  မိဘပြည်သူများအား အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ပြင်စလူ  စက်တင်ဘာ  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင် ၊ပြင်စလူ မြို့တွင်  ရပ်ကွက်နှင့်ကျေးရွာများ အတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များကို  မိဘပြည်သူများ သိရှိ လိုက်နာဆောင်ရွက် နိုင်ရေးအတွက် အသိ ပညာပေးနှိုးဆော် ကြေညာ ပေးခြင်းကို ယနေ့  နံနက် (၈) နာရီ မှစ၍ ပြင်စလူမြို့၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး နည်းလမ်းများအား  Sound Box  စက်ဖြင့်  လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရ သည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင်  မိဘ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ် မနေထွက်ခွာပါက (Mask) နှာခေါင်း စည်း စနစ်တကျ တပ်ဆင်ရန် ၊အခြား သူများနှင့် အနည်းဆုံး(၆) ပေ အကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊စျေးဝယ်ခြင်း များမှ ရှောင်ကြဥ်ပါ၊တစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း  လက်ကို ဆပ်ပြာရေ ဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျ လက်ဆေးပါ ၊မိမိတို့အိမ်တွင်ပြင်ပမှလာသော ဧည့် သည်များအား လက်ခံခြင်းမပြုရန်နှင့် မိမိတို့ ကလည်းအခြားသူများထံ သွားရောက် ခြင်း မပြုကြရန်၊ အတူနေ မိသားစုအတွင်း ဖျားနာ သူများ ရှိပါက အိမ်တွင်သာ နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများခံစားရလာ ပါက သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှတစ်ဆင့် ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေး လုပ်ငန်း များကို ဆက်လက် လိုက်နာကြရန် စသည့် ကြေညာ ချက်များကို  ကိုယ်စီလိုက်နာ ဆောင်ရွက် ခြင်း ဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်း များတွင် ပူးပေါင်း ပါဝင်ဆောင် ရွက်သွား ကြရန် တို့ကို အများ ပြည်သူ လိုက်နာနိုင် ရေးအတွက် နှိုးဆော်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇော်ဝင်းထွန်း  (ပြန်/ဆက်)