ဆော သြဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက ဆောမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် သံချဆေး တိုက်ကျွေးခြင်းကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကြူကြူက လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကို အထူးဂရုပြု ဆောင်ရွက် နေသလို ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေး ရောဂါ ဟာလည်း လူတွေကို သေဆုံးသည်အထိ ဖြစ်ပွား နိုင်တဲ့အတွက် ခြင်အမျိုးအစား နှင့် ဖြစ်ပွားသည့်ရောဂါ အမျိုးအစား များ၊ သံကောင် တုတ်ကောင် အမျိုးအစားများ၊ အပျိုဖော်ဝင်စ အမျိုးသမီးများသိမှတ်ဖွယ်ရာအကြောင်းအရာများနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဟောပြော ခဲ့သည်။
ယင်းနောက် အသက် ၁၅ နှစ်အောက် အထက်တန်းအဆင့် ကျောင်းသား /ကျောင်းသူ များအား သံချဆေးတိုက်ကျွေးခြင်း အပြင် ကျောင်းသူ ၁၅၃ ဦးအတွက် FBC(သံဓာတ် အားဆေး) တစ်ဦးလျှင် တစ်လစာ ၈ လုံးနှုန်းဖြင့် တာဝန်ခံကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)