ကျွန်းလှမြို့၌  အောက်ဆီဂျင်အိုးများနှင့် Flow Meter များလှူဒါန်း

ကျွန်းလှ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန်အတွက် ယမန်နေ့က ကျွန်းလှမြို့နယ် ဓမ္မစကူးကော်မတီမှ ငွေကျပ် ၁၄ သိန်းတန်ဖိုးရှိ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး (အရည်ပါ) ၁၀ လုံးနှင့် Flow Meter  ၁၀ စုံအားလှူဒါန်းရာ မြို့မိမြိုဖအောက်ဆီဂျင် ကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ရှိသူများက လက်ခံယူကြသည်။

ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၀ လုံး၊ အောက်ဆီဂျင်ထုတ်စက် ၁၀ လုံးထောက်ပံ့ပေးကြောင်း၊  ကုမ္ပဏီများနှင့် အလှူရှင်များက ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး ၁၀၀၊ အောက်ဆီဂျင် ထုတ်စက် ၃ လုံး လှူဒါန်းထားကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ