ဝါးခယ်မ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်မြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုကျခဲ့သဖြင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့သော အထက်ပေကုန်းကျေးရွာနှင့် ဟင်္သာဒုံးကျေးရွာများရှိ အိမ်ထောင်စုများအား ယမန်နေ့ နံနက် (၁၁)နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့ရည်ချိုနှင့်တာဝန်ရှိသူများကအ ထက်ပေကုန်းကျေးရွာနှင့် ဟင်္သာဒုံးကျေးရွာရှိ အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်တန်ဖိုး ငွေကျပ် တစ်သိန်းနှုန်းဖြင့် အိမ်ထောင်စု (၁၉)စုအတွက် ငွေကျပ် (၁၉)သိန်းနှင့်တစ်ဦးလျှင် တစ်ပတ်စာ ဆန်ရိက္ခာဖိုး ငွေကျပ်၂၁၀၀ နှုန်းဖြင့်လူဦးရေ(၉၁)ဦးအတွက် ထောက်ပံ့ငွေ (၁၉၁၁၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၉၁၁၀၀)ကျပ်အား လက်ဝယ်အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)