ရှားတောမြို့၌ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအာ လူမှုရေးပင်စင် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့

ရှားတော စက်တင်ဘာ  ၁၂

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ(၃)လပတ် လူမှုရေးပင်စင်များကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှားတောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ(၃)လပတ်အတွက် လူမှုရေး ပင်စင်များကို အိမ်းတိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။

ရှားတောမြို့နယ်တွင် လူမှုရေးပင်စင်ခံစားနေရသော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား စုစုပေါင်း (၂၄)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၇၂၀၀၀၀) ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)