ရွာငံ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြိုင်ကျေးရွာရှိ မြိုင်ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူကြသော သံဃာတော်များနှင့် တပည့်သာဝကများ ကိုဗစ်ရောဂါ ပိုးရှိမရှိ စစ်ဆေးခြင်းကို ယနေ့နံနက်၁၀ နာရီကအဆိုပါဘုန်းတော်ကြီးကျောင်း၌ စစ်ဆေးလျက်ရှိသည်။
ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများလာရောက်ကြည့်ရှုခဲ့ကြပြီး ကိုဗစ်ရောဂါပိုးစစ်ဆေး ဆောင်ရွက်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဒေါ်ရီရီမာနှင့်ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် အဆိုပါပညာရေးကျောင်းရှိ ဘုန်းကြီး ၈ ပါး၊ ကိုရင် ၁၈ပါးနှင့် လူ ၃ ယောက် စုစုပေါင်း ( ၂၉ )ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ (Covid 19Ag Test)ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ)ကြောင်းသိရသည်။
ပြည့်ဖြိုးသန့်