ဝါးခယ်မ စက်တင်ဘာ ၁၀
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေးကို ယနေ့နံနက် ၈နာရီမှ စတင်၍ စည်ပင်သာယာရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက စည်ပင်သာယာရေးဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား နိုင်ငံသားစိစစ်ရေးကတ်အား အသက်(၁၀)နှစ်ပြည့်(၁၄)ကတ်၊ အသက်(၁၈)နှစ်ပြည့်(၅)ကတ်၊ လဲလှယ်(၅)ကတ်၊ ပျောက်/ပျက်(၈)ကတ်၊စုစုပေါင်း (၃၂)ကတ်နှင့် ရွှေ့ပြောင်းအိမ်ထောင်စုဦးရေစာရင်း (၅)ခုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး