ပွင့်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅၃)လုံး အမိုးလန်ပျက်စီးပြီး လူနေအိမ်(၃)လုံး ပြိုလဲပျက်စီး

ပွင့်ဖြူ       စက်တင်ဘာ       ၁၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာ ၉ ရက် ၊ ည ၈ နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၁)ရွာရှိ လူနေအိမ်(၅၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ်(၃)လုံး ပြိုလဲပျက်စီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရ သည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာတွင် လူနေအိမ်(၁၆)လုံး အမိုးလန် ပျက်စီးခြင်း ၊ မင်းမြေကျေးရွာတွင် လူနေအိမ်(၁၅)လုံး အမိုးလန်ပျက်စီးခြင်း ၊ ကံသာကြီးကျေးရွာတွင် လူနေအိမ်(၆)လုံး အမိုးလန်ပျက်စီးခြင်း ၊ လယ်ကိုင်းကျေးရွာတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်း ၊ နန်းတော်ကျွန်းကျေးရွာတွင် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခြင်း ၊ ကျောင်းတော်ရာကျေးရွာတွင် လူနေအိမ်(၅)လုံး အမိုးလန်ပျက်စီးခြင်း ၊ ပေါက်ကုန်း ကျေးရွာတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်း ၊  ရွာသစ်ကုန်းကျေးရွာတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်း ၊ ကန်စွယ်ကျေးရွာတွင် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခြင်း ၊ ဆည်မုန်းကျေးရွာတွင် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံး ပြိုလဲပျက်စီး ခြင်း ၊ သရက်တောကျေးရွာတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်း တို့ ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူနေအိမ်(၅၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ၊ လူနေအိမ်(၃)လုံး ပြိုလဲပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လူနေအိမ်များ ထိခိုက်ပျက်စီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအလိုက် ဒေသခံပြည်သူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။    

ရဲဝင်းနိုင် ( ညောင်ဦး )