ရွာသစ်မြို့၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ရွာသစ် စက်တင်ဘာ ၁၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အား နိုင်ငံတော်က ထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ငွေများကို ယနေ့ နံနက်ပိုင်းက ရပ်/ကျေး စီမံအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် နိုင်ငံတော်က ထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ငွေ တတိယ သုံးလပတ်ဖြစ်သည့် ဧပြီလ၊ မေလနှင့် ဇွန်လတို့အတွက် တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းစီဖြင့် စုစုပေါင်းငွေကျပ် သုံးသောင်းကို ဘိုးဘွား တစ်ဦးချင်းစီ ၏ နေအိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွာသစ်(ပြန်/ဆက်)