ကျိုက်လတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများသိ ရှိစေရေး အသိပေးလိုက်လံနှိုးဆော်

 

ကျိုက်လတ် စက်တင်ဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးအတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လိုက်လံအသိပေးနှိုး ဆော်မှုအား ယနေ့ နေ့ နံနက် ၉ နာရီအချိန်တွင် မြို့ပေါ်/ရပ်ကွက်များ နှင့်မြို့မဈေးကြီးအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလိုက်လံနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ခံရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊မိမိအိမ်သို့ ပြင်ပမှဧည့် သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန် အရာဝတ္ထုတစ် ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာ ဖြင့်ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊နှာခေါင်း နှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုးကူးစက် သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသ မှုခံယူရန်  ကိုဗစ်-၁၉ ရောဂါကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန်  Hand speaker များဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်

ကျိုက်လတ်( ပြန်/ဆက်)