ဆီဆိုင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၄၆၃၆ ဦးထိရှိပြီးဖြစ်

ဆီဆိုင်      စက်တင်ဘာ        ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးခြင်းကို  သတ်မှတ်ထားသည့် စုရပ်နေရာများ ၌ထိုးနှံပေးလျက်ရှိသည်။ 

ဦးစားပေးအစီအစဉ်အရ ထိုးနှံပေးခဲ့ရာ ဆီဆိုင်မြို့နယ်ခန်းမ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန်ကျောင်းတိုက်၊ ဘန်းယဉ် ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံတို့၌ ပထမအကြိမ်ကာကွယ်ဆေး အား(၅၃၀၆)ဦးတို့ကို ဦးစားပေးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ပထမအကြိမ် ထိုးနှံပြီးသူများကို စက်တင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းကစတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြန်လည်ထိုးနှံပေးလျက်ရှိရာ  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၄၆၃၆)ဦးရှိပြီး ကျန်ရှိနေသည့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများကို ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

မျိုးမြတ်(ဆီဆိုင်)