လှိုင်းဘွဲ စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ စက်တင်ဘာလ(၆)ရက်နေ့အထိ လူဦးရေ(၄၇၆၇)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေသူများအား ပြန်လည် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနေကြ သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် သတ်မှတ်ချက်နှင့်အညီ ထိုးနှံ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လမ်းညွန်ချက်နှင့်အညီ ထိုးနှံနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)