ဗန်းမော် စက်တင်ဘာ ၁၀
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာရှိ နေအိမ်များသည် ဧရာဝတီမြစ်ရေ ရေတိုက်စားမှုကြောင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ နေထိုင်နေရသည့် အိမ်ထောင်စု (၅)စုအား ယနေ့ နံနက် ၁၀ နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေများ ဆက်လက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေ ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာရှိ အိမ်ထောင်စု( ၅ )စု၊ လူဦးရေ ( ၃၂ )ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဌေးနှင့် ဝန်ထမ်းများက သွားရောက်၍ တစ်ဦးလျှင် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ( ၂၁၀၀ ) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ( ၆၇၂၀၀ )ကျပ်ကိုလည်းကောင်း၊ အိမ်ထောင်စု တစ်စုလျင် အိမ်ဆောက် တန်ဖိုး ငွေကျပ် (၁)သိန်းနှုန်းဖြင့် အိမ်ထောင်စု(၅)စုအတွက် ငွေကျပ်(၅)သိန်းကို လည်းကောင်း လက်ဝယ် အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သွားရောက် ထောက်ပံ့မှုမှာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ အိမ်ထောင်စု( ၁၁ )စု၊ လူဦးရေ(၆၂)ဦးအား တစ်ဦးလျင် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၂၁၀၀)ကျပ်နှုန်းဖြင့်စုစုပေါင်းငွေ(၁၃၀၂၀၀)ကျပ်ကို လည်းကောင်း ၊ အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက် တန်ဖိုးငွေကျပ် (၁)သိန်းနှုန်းဖြင့် အိမ်ထောင်စု(၁၁)စု အတွက် ငွေကျပ်(၁၁)သိန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)