မိုးမိတ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ကျောင်းတိုက် အသီးသီးရှိ ဆရာတော်၊ သံဃာတော်များအား ကိုဗစ် ၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် အခမဲ့စစ်ဆေး ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မိုးမိတ်မြို့ပေါ်ရှိ ရွှေကျောင်း ပရိယတ္တိစာသင်တိုက်၊ ရွှေဂူကျောင်းပရိယတ္တိ စာသင် တိုက်၊ ရွှေကြာပင်ဘုန်းတော်ကြီးကျောင်းများရှိ စာသင်တိုက် အသီးသီးမှ ရဟန်းသာမဏေ ( ၁၂၁ ) ပါး အား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခဲ့ရာ ရဟန်း (၂)ပါးနှင့် ရှင်သာမဏေ (၃) ပါးတို့တွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
ထိုသို့စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး အောင်ဇော်ထက်တို့က ကြီးကြပ်ခဲ့ပြီး မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စက်တင်ဘာ လ ၁၁ ရက်နေ့တွင် ပုဗ္ဗာရုံ ပရိယတ္တိ စာသင်တိုက်ရှိ ရဟန်းသာမဏေများအား ဆက်လက် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိုးမိတ်သား