ရန်ကင်းမြို့နယ်အတွင်းရှိ သာသနာ့နွယ်ဝင်သံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေး

ရန်ကင်း  စက်တင်ဘာ   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်၁၄ရပ်ကွက် မိုးကောင်းဘုရားဝင်း အရိယာဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတိုက်များမှ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်၉ နာရီအချိန်မှစတင်၍ ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ လမ်းညွှန်မှုနှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်၏ အနီးကပ်ကြီးကြပ်မှုဖြင့်ကျန်းမာရေး ဝန်ထမ်းများက သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား သွားလာမှုအဆင်ပြေစေရေး စောင့်ရှောက်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း သွေးပေါင်ချိန်တိုင်းခြင်း ၊သတ်မှတ်အကွာအဝေး နေထိုင်ခြင်း၊ အမည်စာရင်းသွင်းခြင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ယနေ့တွင် (ဒုတိယအကြိမ်)ကာကွယ် ဆေးထိုးနှံသည့်သံဃာတော်များ၊ သီလရှင်များနှင့် အသက်၆၅နှစ်အထက် ဘိုးဘွား များအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ၊ မရှိနှင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိအတွက် သက်မှတ် နေရာများတွင် နာရီဝက်ခန့် စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို မြို့နယ်ကိုဗစ် ကော်မတီဝင် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်စေတနာ့ ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ကျန်ရှိနေသော သံဃာတော်၊သီလရှင်များနှင့်အသက် ၆၅ နှစ် အထက်ဘိုးဘွားများကိုလည်း ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး